ကြွက်တို့ ဒီနေ့မှ ပြန်စမ်းဖြစ်တယ်... ဒီဟာကြီးကို ပြစ်စလတ်ခတ် ထားထားတာ ၂နှစ်လောက်တောင်ရှိရောပေါ့။
အရင်တုန်းက ရေးထာတာတွေ ပြန်ဖတ်ကြည့်တော့လဲ ဘာတွေမှန်းကိုမသိ.... တစ်ခါတစ်လေတော့လဲ ထပ်ရေးဦးမယ်... မြန်မာစာကို မြန်မာလို ဖြောင့်ဖြောင့်တန်းတန်းမပေါ်တဲ့ ဘလော့ပေါ်မှာ...
ပြင်စရာရှိတာတွေ နောက်နေ့ပြန်ပြင်ရမယ်...
ဒီနေ့တော့ ပြန်စရေးပြီ.. ( အဟီး.. ၊ ရေးသာရေးတာ.. ဘယ်သူမှ မဖတ်မှန်းလည်း သိနေတာက ခက်တယ်။)
Nov 20, 2008
Aug 21, 2007
နွေဦး - ဟန်ထူးလွင်
မနက်ခင်း အလင်းမဲ့ တစ်ယောက်ထဲ ထိုင်ရင်း
စဉ်းစားနေမိတယ် နွေလယ် ဘယ်ကိုရောက်နေ...
နွေဦး.. သစ်ရွက်ကြွေလဲ စိတ်ကူး
ငါရူးသွားလိမ့်မယ်... ငါရူးသွားလိမ့်မယ်..
မနေ့ကလိုပဲ ဒီအတွေးဟာ ပူလောင်ဆဲ
ဥသြငှက်သံကြားမှာ နင့်ကိုငါလွမ်းတယ်
ပတ်ကြားအက်နေတဲ့ရင်ဘတ် နွေခေါင်ခေါင်ထဲ
မနေ့ကလိုပဲ ငါ လွမ်းတယ်.....
မနှစ်ကလိုပဲ ငါ လွမ်းတယ်....။
လေညှင်း ပြတင်းပေါက်ကို ဖြတ်လာရင်
ငါမျက်စိမှိတ်ထားတယ် မင်းလဲ တဒင်္ကလေးပဲ
နွေဦး.. မင်းငါ့ကို မချစ်တော့ဘူး..
ငါရူးသွားလိမ့်မယ်.. ငါရူးသွားလိမ့်မယ်။
မနေ့ကလိုပဲ ဒီအတွေးဟာ ပူလောင်ဆဲ
ဥသြငှက်သံကြားမှာ နင့်ကိုငါလွမ်းတယ်
ပတ်ကြားအက်နေတဲ့ရင်ဘတ် နွေခေါင်ခေါင်ထဲ
မနေ့ကလိုပဲ ငါ လွမ်းတယ်.....
မနှစ်ကလိုပဲ ငါ လွမ်းတယ်....။
_____________________________________________________

Jun 4, 2007
ကဗျာ
အလွမ်းတွေကို အနမ်းတွေနဲ့ဖြေသိမ့်ခွင့်ပြုပါ..
မင်း မလျှောက်တော့တဲ့ လမ်းလေးကို ငါစောင့်ရှောက်ထားပါရစေ...
မင်းရဲ့ ရယ်သံ လွင်လွင်လေးတွေကို အိမ်ရှေ့ဆည်းလဲမှာ တပ်ဆင်ပါရစေ...
မင်းရဲ့အကြောင်းတွေကို အိပ်မက်ထဲမှာ ဆက်လက်ပြောပြရင်း......
မင်းရဲ့ ခံစားချက်တွေကို ငါ မျှဝေခံစားရင်း .....
..... မင်းကို လွမ်းနေရင်းနဲ့ပေါ့........
တို့နှစ်ဦးရဲ့ သံယောဇဉ်တွေ မြေတောင်မြှောက်ပေးရင်း မင်းကို မျှော်နေပါရစေ...
နောက်ဆုံးတစ်ခုက....
အလွမ်းတွေကို အနမ်းတွေနဲ့ ဖြေသိမ့်ခွင့်ပြုပါ......
ကြွက်

Jun 3, 2007
မပြီးနိုင်သော စာမေးပွဲ
စာမေးပွဲတွေကလဲ မပြီးနိုင်တော့ပါလား။ တင်္နလာနေ့ Physics၊ အင်္ဂါနေ့ Communication၊ သောကြာနေ့ Maths။ Semester တစ်ခုတစ်ခုက ပြီးတာ မြန်သလောက်စာမေးပွဲကြတော့ ကြာလိုက်တာဆိုတာ.. ပြောမနေနဲ့တော့။ စာသင်နှစ် ၃လက ၃ရက်လောက်ကြာတယ် ထင်ရသလောက် စာမေးပွဲ ၃ရက်က ၃လလောက် လာကြာနေတယ်.. အင်း.. ဒွတ်ခ.. ဒွတ်ခ...
Jun 1, 2007
Subscribe to:
Posts (Atom)